Saturday, February 8, 2014

ကျားတစ်ကောင်နှင့် လူသားတစ်ဦးတို့၏ ထူးထူးခြားခြား သံယောဇဉ်


အသက်(၃၃)နှစ်ရှိ အက်ဘ်ဒူလာသည် ကျားကြီးမူလန် ကလေးဘဝ အကောင်ပေါက်လေး အရွယ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့သူ ဖြစ်သည်။

ဧရာမ ကျားကြီးတစ်ကောင်၏ နှုတ်ခမ်းကို နမ်းရှုပ်ရန် ဆိုသည်မှာ အလွန် ကြက်သီးထစရာ အခြေအနေမျိုး ဖြစ်နိုင်သည်။ သို့သော်လည်း အင်ဒိုနီးရှားရှိ ရွာငယ်လေး တစ်ခုမှ အက်ဘ်ဒူလာ ရှိုလာအတွက်မူ ယင်းသည် ပြဿနာ တစ်ခုမဟုတ်ချေ။ ၎င်းသည် မူလန်အမည်ရှိ ဘင်္ဂလားကျားကြီး တစ်ကောင်နှင့် အလွန်ရင်းနှီးကျွမ်းဝင်ပြီး လုံးထွေးရစ်ပတ် ဆော့ကစားလေ့ရှိသူ ဖြစ်သည်။ သတင်းထောက်များက တောင်းဆိုသောအခါ ၎င်းက မူလန်နှင့် လိုလိုချင်ချင်ပင် နမ်းရှုပ်ကျီစယ်ပြခဲ့သည်။ အသက်(၃၃)နှစ်ရှိ အက်ဘ်ဒူလာသည် ကျားကြီးမူလန် ကလေးဘဝ အကောင်ပေါက်လေး အရွယ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့သူ ဖြစ်သည်။ ယခုအခါတွင်မူ ၎င်းတို့နှစ်ဦးသည် ခွဲခြား၍ မရနိုင်လောက်အောင် နီးစပ်သည့် မိတ်ဆွေများ ဖြစ်လာကြသည်။

အရှေ့ဂျာဗားရှိ ဒီလမ်ရွာလေးတွင် နေထိုင်သည့် အက်ဘ်ဒူလာသည် ကျားကြီးနှင့် ခွဲခြား၍ မရနိုင်သဖြင့် အိပ်လျှင်ပင် အတူတူအိပ်လေ့ရှိကြောင်း ရွာခံများက ဆိုသည်။ မူလန်သည် ယခုအခါ (၂၈)စတုံ အလေးချိန်ရှိပြီး အရပ်(၁)မီတာမြင့်ကာ၊ (၃)မီတာ ရှည်လျားသော သန်မာသည့် ကျားကြီးတစ်ကောင်အဖြစ် ထွားကျိုင်းလာခဲ့ပြီ ဖြစ်သည်။ အစ္စလာမ်မစ် ကျောင်းသားတစ်ဦးဖြစ်သော အက်ဘ်ဒူလာသည် စာမေးပွဲဖြေရန် စာကျက်နေချိန်များတွင်ပင် (၆)နှစ်သား ကျားကြီးကို အနီးသို့ ခေါ်ထားလေ့ရှိသည်။

မူလန်၏ ပိုင်ရှင်အစစ်မှာ အသက်(၅၁)နှစ်ရှိ နိုအာမူဟာမက် ရှိုလာဆိုသူ ရွာမျက်နှာဖုံး တစ်ဦးဖြစ်ပြီး (၃)လသား အရွယ် ကျားငယ်လေး တစ်ကောင်ကို စောင့်ရှောက်ပေးရန် အက်ဘ်ဒူလာထံ လာရောက် အပ်နှံရာမှ ထူးခြားသော သံယောဇဉ်တစ်ခု အစပြု အမြစ်တွယ်လာခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လုံခြုံရေး စံနှုန်း သတ်မှတ်ချက်များအရ မူလန်၏ လှောင်အိမ်ထဲတွင် အက်ဘ်ဒူလာ ဝင်ရောက်သည့်အခါ သတ္တုဘားတစ်ခု တပ်ဆင်တားဆီးထားသည်။ ကြက်သား၊ သို့မဟုတ် ဆိတ်သား (၆)ကီလိုဂရမ်မျှကို တစ်နေ့လျှင် နှစ်ကြိမ်စားသောက်ကြောင်းလည်း သိရှိရသည်။

Saturday, February 1, 2014

ဘယ်လိုကိစ္စပဲရှိရှိ golden art enterpriseသာအရောက်လာခဲ့ပါ

golden art enterprise ကုမ္မဏီမှာ လူကြီးမင်းများအားလုံးအတွက် မည်သည့်အလုပ်မျိုးကိုမဆို အားလုံးအဆင်ပြေစွာ ဆောင်ရွက်ပေးနေပါသည်၊ ခရီးသွားလုပ်ငန်း ပြည်တွင်း၊ ပြည်ပ၊ မည့်သည့်နိုင်ငံမဆို သွားရောက်ချင်တယ်ဆိုရင် လူကြီးမင်းများရဲ့ကိစ္စများကိုအဆင်ပြေစွာဆောင်ရွက်ပေးနေပါသည်၊ ယုံကြည်စိတ်ချစွာဖြင့် လာရောက်နိုင်ပါသည်၊ ကျွန်တော်တို့golden art enterpriseမှ နွေးထွေးစွာဖြင့် လူကြီးမင်းများအား ကြိုဆိုလျက်ပါ အသေးစိတ်ကိုတော့ နောက်ထက်မံဖော်ပြသွားပါဦးမည်။ မူရင်းဘလော့ကိုဝင်ကြည့်မည်ဆိုရင်goldenartenterprise Pageအားကြည့်ရန်နှိပ်ပါ ၀င်ရောက်ကြည့်ရူလေ့လာနိုင်ပါသည် ဆက်သွယ်နိုင်ပါသည်၊ စီးပွားရေးလုပ်ငန်းအမျိုးမျိုးချိတ်ဆက်လုပ်ကိုင်နေတဲ့ ပြည်တွင်း၊ပြည်ပ ကုမ္မဏီဖြစ်တဲ့အတွက်၊ GAE သည် လုပ်ငန်းမျိုးစုံကိုလုပ်ကိုင်လှ
ျက်ရှိပါသည်။ စိတ်ဝင်စားလို့ရှိရင် ခရီးသွားလိုလျင် ဘလော့အားတိုက်ရိုက်ဆက်သွယ်နိုင်သည် တို့မဟုတ်၊ pageထဲဝင်ပြီးဆက်သွယ်နိုင်ပါသည်၊ အီးမေးနဲ့ဆိုရင်ဖြင့် kplusblogger@gmail.comတို့ဆက်သွယ်မေးမြန်းနိုင်ပါသည်