Thursday, November 28, 2013

ခန္ဓာကိုယ်အတွက် ရေဘယ်လောက် လိုအပ်သလဲ




ခန္ဓာကိုယ်အတွက် ရေဓာတ်လိုအပ်မှုဟာ ခန္ဓာကိုယ် အနေအထားနဲ့ အသက် အရွယ်ပေါ် မူတည်ပါတယ်။ လူတစ်ယောက် အတွက် တနေ့ကို ရေ ခြောက်ခွက် ကနေ ၁၃ ခွက်အထိ လိုအပ်ပါတယ်။

အမျိုးသားနှင့် အမျိုးသမီးများအတွက်

အမျိုးသားတွေမှာ တစ်နေ့ကို ရေရှစ်ခွက်ကနေ ၁၃ ခွက်အထိ လိုအပ်ပြီး အမျိုးသမီးတွေမှာတော့ ခြောက်ခွက်ကနေ ကိုးခွက်အထိ လိုအပ်ပါတယ်။ သင့်ပတ်ဝန်းကျင်ရဲ့ အပူအအေးနဲ့ သင်လှုပ်ရှား ရတဲ့ လုပ်ငန်း ဆောင်တာ ပေါ်မှာ မူတည်ပြီး အနည်းငယ် ပိုလိုအပ်တာမျိုးတွေတော့ ရှိတတ်ပါတယ်။

ကြည်ညိုဖွယ် ဗုဒ္ဓဝင်ပန်းချီကားများ


ဖွားမြင်တော်မူခန်း

ကာဠဒေဝီလရသေ့ကြီး ကန်တော့လာခန်း

ဘုရားစင်စစ်ဖြစ်လိမ့်မည်ဟု နိမိတ်ဖတ်ကြခန်း

ကိုရီးယားက အလှ Surgery







ကိုရီးယားက အလှ Surgery လုပ်တဲ့ဆရာဝန်တွေအရမ်းတော်ကြပါတယ် လူတစ်ယောက်ရဲ့ မှုလအမှန်ရုပ်ကို နုငယ်သွားအောင်လုပ်နိုင်တယ် အသက်ကြီးသွားပေမယ့် လူငယ်ဘ၀ကိုပြန်ရောက်သွားသလို မျက်နှာကိုကြည့်လိုက်ရင် ခံစားရမှာပါ ဒါပေမယ့် အသက်ကိုတော့ ဘယ်လိုမှ လျော့ခိုင်းလို့မရပါဘူး အသက်20လောက်ကို 15လောက်ဖြစ်အောင်လုပ်နိုင်တာ တော်ကြပါတယ် သူငယ်ချင်းများရော ဒီလိုမလုပ်ချင်ဘူးလား ကိုရီးယားမှာသွားလုပ် အဆင်ပြေသွားမယ် ထိုင်းမှာဆိုရင်လည်းဖြစ်တယ် စိတ်ဝင်စားကြလား နောက်တာနော် မျက်လှည့်ပညာရှင်တွေလို့ ခေါ်ရင်ပဲကောင်းမလား လူတစ်ယောက်ကို ငယ်သွားအောင်လုပ်နိုင်တယ်နော်

ငရဲ နဲ့ နိဗ္ဗာန် ဘယ်ကိုသွားမလဲမေးရင်

ငရဲ နဲ့ နိဗ္ဗာန် ဘယ်ကိုသွားမလဲမေးရင် နိဗ္ဗာန် သွားမယ်လို့ဖြေတတ်ကြပေမယ့်
တစ်ရက်တစ်ရက်မှာ နိဗ္ဗာန် သွားတဲ့အလုပ် ကိုဘယ်လောက်လုပ်ကြသလဲ လို့ မေးရင်
ဘယ်သူမှ သဲသဲကွဲကွဲ မဖြေနိုင်ကြပါဘူး။
ဒီမေးခွန်းကိုဆရာတော်  တိုင်း လိုလိုမေးတတ်ကြပြီး အဖြေကလဲ အဲ့ဒီအတိုင်းပဲထွက်လေ့ရှိပါတယ်။

ဒီကိစ္စ နဲ့ပတ်သက်ပြီး မေးမိသမျှမှာ  တစ်ယောက်ဖြေပါတယ်။
ခုလောလောဆယ်တော့နိဗ္ဗာန်သွားဖို့စိတ်မ၀င်စားသေးပါဘူးတဲ့။ချစ်သူခင်သူနဲ့ အတူတူပျော်ပျော်ရွှင်ရွှင်
နေချင်ပါသေးတယ်တဲ့။ ကဲ....သေခြင်းတရားဆိုတာ ထည့်ကိုမစဉ်းစားတာ ရှင်းနေတာပဲ။


ဘ၀ဆိုတာခဏလေးပါ

ဘ၀ဆိုတာခဏလေးပါ ....... လူ့ဘ၀မှာနေခွင့်ရတဲ့ အချိန်လေးဟာ ခဏလေးပါပဲ ......
 ရေခဲတုံးလေးတွေကို ထိုင်နေတဲ့ လူပုံစံသွန်းထားပြီး လေဟာပြင်မှာ
 တန်းစီထားတဲ့အချိန် ကခဏလေးပါ ........ ကျွန်တော့်တို့ဘ၀လည်းသည်လိုပါပဲ

တက်တူးနဲ့ဆေးမှင်သာ သေရင်ကိုယ့်နောက် ပါလာမှာလို့ ထင်နေကြသူတွေ


Photo: တက်တူးနဲ့ဆေးမှင်သာ သေရင်ကိုယ့်နောက် ပါလာမှာလို့ ထင်နေကြသူတွေ
Wednesday, October 30, 2013

ခန္ဓာကိုယ်အရေပြားအပေါ်ယံလွှာကို ဖောက်ထွင်း၍ မော်တာတပ်ထားသည့် အပ်ဖျားလေးက တဒီဒီမြည်ကာ ကြိုတင် ရေးခြယ်ထားသည့် လမ်းကြောင်းအတိုင်း ပြေးလွှားကစားနေသည်။

ထိုအပ်ဖျားလေးပြေးလွှားနေသည့် အရေပြားပိုင်ရှင်မှာ အသက် ၂၂ နှစ်ဝန်းကျင်ခန့်ရှိ လူငယ်ကတော့ တစ်ချက်လေးမှ ညည်းငြူသံမထွက်ပဲ တစ်ချက်တစ်ချက်တွန့် သွားယုံမှလွဲ၍ သင်ဖြူးဖြာပေါ်တွင် မှောက်လျက်...

 ခံစားနေရသည့် နာကျင်မှုကိုကြိတ်မှိတ်ထားရ၍ပဲလား သောက်ထားသည့် ယမကာရှိန်ကြောင့်လား မသိ အံကြိတ်ထားသည့် မျက်နှာကတော့ အပ်ဖျားဝင်သွားသည့်လမ်းကြောင်းလေးပေါ်မှ သွေးရောင်များကဲ့သို့ နီနီရဲရဲဖြစ်၍ နေပေသည်။

ခံသည့်လူကခံနေသလို (ဆေး)ဆွဲပေးသူကလည်း အပ်ဖျားလေးအား အ၀တ်စနှင့်သုတ်လိုက် အရေပြားမှ သွေးများကို သုတ် လိုက်နှင့် သူ့တာဝန်သူထမ်းဆောင်နေကြသည်။

အနီးနားတစ်ဝိုက်က ပုံစံမျိုးစုံပါသည့် ဆေးရောင်ခြယ် စာအုပ်များ၊ စာရွက်များအား ကြည့်ရှုနေသည့် လူငယ်တစ်သိုက်ကလည်း ဒီပုံလန်းတယ် ဟိုပုံလန်းတယ်နှင့် စည်စည်ကားကား.....

ဒါကတော့ ယခုခတ်လူငယ်များ၏ တက်တူး(Tattoo) (ခေါ်) ဆေးမင်ကြောင်ထိုးပွဲ အသေးစား မြင်ကွင်းအချို့ပင်...

လုပ်ငန်းကြေးသွင်းစရာ မလို၊ ဘယ်ဌာနကိုမှ လျှောက်လွှာ တင်စရာမလို၊ လိုင်းကြေး ပေးစရာမလို၊ အရင်းအနှီး များများ စားစားမလို၊ အလုပ်သင်သင်တန်း တက်ရောက်ဖို့မလို၊ လုပ်ငန်းကျွမ်းကျင်ကြောင်း ထောက်ခံစာမလို...

သို့သော် လုပ်ငန်းသေးနှင့်လုပ်ငန်းကြီး လက်ရာ၊ဈေးနှုန်းနှင့် ဒီဇိုင်းဆန်းပုံသာကွာသွားမည် မြို့တိုင်းလိုလို နယ်တိုင်းလိုလိုပင် အခကြေးငွေယူကာ တက်တူးရေးဆွဲပေးသူများမှာ တနေ့တခြားများပြားနေသည်ကို လူငယ်များ၏ ခန္တာကိုယ်များမှတဆင့် မြင့်တွေ့နေရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းမှ အရွယ်ရောက် အရွယ်ကောင်းလူငယ်လေးများမှအစ အရွယ်လွန် အမျိုးသားကြီးအထိ (အချို့အမျိုးသမီးများ အပါအ၀င်) အနည်းနှင့် အများဆိုသလို တက်တူးကိုယ်စီနှင့် ဟန်ရေးကြွယ်နေကြပြီ။

အမျိုးသမီးငယ်တစ်ဦးဆိုလျင် ဗိုလ်လောင်းသင်တန်းသို့လျောက်ထားရာ၌ တချိန်က ထိုးခဲ့သည့် နှင်းဆီပွင့်ပုံကြောင့် ဗိုလ်လောင်း ဘ၀ကို လက်လွှတ်ခဲ့ရဘူးကြောင်း ပတ်ဝန်းကျင်မှကြားသိရသည်။

ရုပ်ရှင်မင်းသား၊ ကြော်ငြာမင်းသား၊ သရုပ်ဆောင် မင်းသား၊ အဆိုတော် မော်ဒယ်လ်မှအစ သင်္ကန်းဝတ်အချို့နှင့် တက္ကစီသမား၊ ဆိုက္ကားသမား၊ စားပွဲထိုးနှင့်လမ်းသူရဲမကျန် တက်တူးကိုယ်စီဖြင့် မြင်တွေ့ရသည်မှာလည်း ခေတ်စတိုင်လ်တစ်ခုပင် ဖြစ်၍ လာ ပေတော့သည်။

ကျွန်တော့် အသက်(၁၉) နှစ်ခန့်က ခင်မင်ခဲ့ဖူးသည့် သူငယ်ချင်းတစ်ယောက်ကိုပင် သတိရမိသေးသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ရှိ ရှမ်းဘုန်းကြီးကျောင်းတစ်ကျောင်း၏ ပွဲတော်တစ်ခုသို့ထိုသူငယ်ချင်း အပါအ၀င် သူငယ်ချင်း တစ်ချို့နှင့် ပွဲလည် သွားကြရင်း ပွဲဈေးတန်းထဲတွင် ဈေးနှုန်းအနည်းငယ်ဖြင့် တက်တူးရုပ်များ ရေးထိုးပေးသည့် ဆိုင်တစ်ဆိုင် ရှေ့ရောက်တော့ သူငယ်အချင်းအချို့၏ မြှောက်ပင့်စကားကြောင့် သူက တက်တူးရေးထိုးသူကို စာတစ်ကြောင်း ရေးခိုင်းသည်။

ပိန်ကပ်ကပ်သူ့ရင်ဘတ်ညာဖက်မှ ဘယ်ဖက်သို့ “သေမင်းကို စိန်ခေါ်သည်” ဆိုသည့် စာတန်းအား မကြောက်မရွံ့ ရေးထိုး ခဲ့သဖြင့် သတ္တိရှိကြောင်း မြှောက်ပင့်ပြောဆိုသူများရှိသလို ကြောက်ရွံ့ကန့်ကွက်သူများလည်း ထိုစဉ်က ရှိခဲ့သည်။

အပြုအမူအပြီး နှစ်ပိုင်းလောက်သာ ကြာသည်၊ ထိုသူငယ်ချင်း၏ မိခင်မှာ လူကြီးရောဂါတစ်ခုဖြင့် ရုတ်ချည်း ကွယ်လွန်သွား လေသည်။

သေမင်းကိုစိန်ခေါ်မိ၍များ သေမင်းက ပြန်လည်စိန်ခေါ်လိုက်သလားဟု မဆီမဆိုင် ကျွန်တော်တွေးမိသေးသည်။ ယခုတော့ သူလည်း ထိုစာတန်းကို အရုပ်တစ်ခုဖြင့် ဖုံးလိုက်သည်။

တက်တူးဆိုသည့်အရာက လူခန္တာကိုယ် အရေပြားပေါ်တွင် နေရာယူလာသည်မှာ ယခုမှစသည် မဟုတ်သော်လည်း မျက်စိ နောက်စရာကောင်းလောက်အောင် ပေါများလာတာတော့ တွေ့နေရသည်။ လွတ်လပ်လာသည့် ခေတ်ကာလနှင့် အဆန်းထွင် လာကြသည့် လူ့သဘာဝတို့စခန်းထလာသည့် မကြာသေးသည့်နှစ်အချို့က စခဲ့သည်ဟုသာ ယေဘုယျအားဖြင့် ယူဆ ရမည်.... ပြောကြသူတစ်ချို့ကတော့ ပြောကြသည် “ယောက်ျားမှန်ရင် တက်တူးရှိရမယ်” ဆိုပဲ.....

မနေနိုင်မထိုင်နိုင် ငွေကုန်ကြေးကျခံကာ အသားအနာခံပြီး တစ်လွဲသတ္တိပြချင်သူ လက်တစ်ဆုပ်စာ လူအချို့၏ စကားကြောင့် ခန္တာကိုယ်အရေပြားတွင် တက်တူးမထားသည့် ယောက်ျားသားများမှာ ဘ၀ပြောင်း ပေးရတော့ မလို။

ဗဟုသုတအတော်အတန်ရှိသူ တစ်ချို့ကလည်း ဆေးမှင်
ခန္ဓာကိုယ်အရေပြားအပေါ်ယံလွှာကို ဖောက်ထွင်း၍ မော်တာတပ်ထားသည့် အပ်ဖျားလေးက တဒီဒီမြည်ကာ ကြိုတင် ရေးခြယ်ထားသည့် လမ်းကြောင်းအတိုင်း ပြေးလွှားကစားနေသည်။

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်နိုင်ဖို့ တိုးတိုးတိတ်တိတ် စကား(၁ဝ)ခွန်း

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...

၁) မနှိုင်းနဲ့

"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက် ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာ တတ်တယ်"လို့
ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြား မိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့် ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူး စကားတွေထက် ပိုတန်ဖိုးပါတယ်။

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်နိုင်ဖို့ တိုးတိုးတိတ်တိတ် စကား(၁ဝ)ခွန်း

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...

၁) မနှိုင်းနဲ့

"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက် ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာ တတ်တယ်"လို့
ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြား မိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့် ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူး စကားတွေထက် ပိုတန်ဖိုးပါတယ်။

Wednesday, November 27, 2013

..သတိ....မိန်းကလေးများသထိထားရန်ကူးယူတင်ပြလိုက်သည်

..သတိ....မိန်းကလေးများသထိထားရန်ကူးယူတင်ပြလိုက်သည်



Photo: မြန်မာအမျိုးသမီးများသတိထားကြပါ.........


မိန်းကလေးများသထိထားရန်ကူးယူတင်ပြလိုက်သည်

..သတိ....

အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ်ဝတ်စား ထားတဲ့ ယောက်ျားတစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့ လိုအပ်ရင် ဆက်သွယ်ဖို့ လိပ်စာကဒ်ကိုပေးခဲ့တယ်။

သူမကလဲ သဘောရိုးနဲ့လို့ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့လိပ်စာကဒ်ကိုလက်ခံပြီး ကားပေါ်ပြန်တက်လို့မောင်းထွက်
ခဲ့တယ်။ တချိန်တည်းမှာပဲ အဲဒီယောက်ျားဟာ တခြားလူရည်သန့်ယောက်ျား တစ်ဦးမောင်းတဲ့ ကားပေါ် တက်သွားပါတယ်။

ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ စောစောကယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်းလိုက်လာတာကိုနောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။
အဲဒီအချိန်မှာပဲ သူမဟာ တအားခေါင်းကိုက်လာပြီး အသက်ရှူလို့မရဖြစ်လာခဲ့တယ်။

သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာသူမရဲ့လက်ကလာတာ ဖြစ်ကြောင်း သတိထားမိလိုက်တယ်။စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကိုလက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့အနံ့ပါ။

ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ယောက်ျားရဲ့ကားကသူမကားရဲ့နောက်တည့်
တည့်ရောက်နေပါပြီ။
ဒါနဲ့ လူနဲ့ ကားစည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံးရွေးမောင်းရင်းကားဟွန်းကို ထပ်ခါ တလဲလဲ
နှိပ်နေခဲ့ရတယ်။ သူမရဲ့ ကားကိုလူတွေသတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။

အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားကတခြားကိုမောင်းပြေး ပါတော့တယ်။
သူတို့ရန်က လွတ်ခဲ့ပေမယ့် သူမကတော့ မိနစ်တော်တော်ကြာကြာ ခေါင်းမူးခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြူ တင်း
ပေါက်တွေကတိုးဝင်လာတဲ့ လေတွေကြောင့်အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။
လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…။
လူတဖက်သား ဆီက တခုခု ခိုးယူဖို့ဒါမှမဟုတ် အဲဒီလူဆီကတစုံတခုအမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထား
တဲ့ သားကောင်သို့မဟုတ်အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင် အောင် မသမာ သူတွေက'BURUNDANGA' လို့ခေါ်တဲ့ဆေးကို သုံးတတ်ကြတယ်။

အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေထွက်မပြေးနိုင်၊ မလှုပ်ရှားနိုင်အောင်
ကျွေးလေ့ ရှိတဲ့ ဆေးထက် လေးဆပိုပြင်းပါတယ်။

ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲလိပ်စာကဒ်လိုရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုက
နေအနံ့အဖြစ်နဲ့ကူးလွယ်၊ အသုံးချရ လွယ်ကူနေပါတယ်။
ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့်အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊လက်ကမ်း ကြော်ငြာစာရွက် ဝေပေးတာ၊
လူရှင်း ပြီး ချောင်ကျတဲ့ စားသောက်ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့ချဉ်းကပ်လာနိုင်တာ
တွေ အများကြီး ရှိပါတယ်။

ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကိုလက်ဆင့်ကမ်းပေးပါ။
မသမာသူတွေရဲ့ မာယာကျော့ကွင်းတွေကို အပြစ်မဲ့သူတွေရှောင်ရှားနိုင်ကြပါစေ




သားကောင်း စစ်သည် မှဖေါ်ပြချက်အား ကူးယူဖေါ်ပြသည်

အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ်ဝတ်စား ထားတဲ့ ယောက်ျားတစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့ လိုအပ်ရင် ဆက်သွယ်ဖို့ လိပ်စာကဒ်ကိုပေးခဲ့တယ်။

ရန်ကုန်မြို့ ၌ အဆင့်မြင့်ဘတ်စ်ကား ပြေးဆွဲသည့် BRT စနစ်နှင့် ဘတ်စ်ကားသီးသန့် လမ်းကြောင်း စနစ်အား ယခုနှစ် အောက်တိုဘာလ၌ စတင်မည်


 ဇူလိုင်လ ၂၃ ရက် ၂၀၁၃

ရန်ကုန်မြို့တော်အတွင်း ခရီးသည်တင် ဘတ်စ်ကားများအား အဆင့်မြင့်ပြေး ဆွဲသည့် BRT (Bus Rapid Transit) စနစ်ကို ယခုနှစ်၊ အောက်တိုဘာလ အတွင်း အကောင်အထည်ဖော်နိုင်ရန် လျာထားစီစဉ်လျက်ရှိပြီး အလားတူ ဘတ်စ်ကား သီးသန့်ပြေးဆွဲသည့် လမ်းကြောင်းကိုပါ စတင်အကောင် အထည်ဖော် နိုင်ရန်ဆောင်ရွက်နေကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ’မှ သတင်းရရှိသည်။



မြတ်စွာဘုရားရှင်၏ ဖွားမြင်ရာနေရာ

မြတ်စွာဘုရားရှင်၏ ဖွားမြင်ရာနေရာ အစစ်အမှန်ကို သုတေသီများက ရှာဖွေတူးဖော် တွေ့ရှိခဲ့ပြီးနောက် မြတ်စွာ ဘုရားရှင်သည် သမိုင်းပညာရှင်များ ခန့်မှန်းထားသည်ထက် အနည်းဆုံး ရာစုနှစ် တစ်စုပိုမိုစောစွာ မွေးဖွားသန့်စင် ခဲ့ဖွယ်ရှိကြောင်း သိရသည်။